ဝမ်းတွင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၆၈)လုံး အမိုးလန် ပျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၆၈)လုံး အမိုးလန် ပျက်ဆီး




MNP -  ဧပြီ  ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ဧပြီလ(၂၈)ရက် ညဦးပိုင်းက မိုး သက်လေပြင်းတိုက်ခတ်မှုကြောင့် သီလရှင်ကျောင်း၊ စာသင်ကျောင်းနှင့်လူနေအိမ်များ အမိုးလန်ပျက်ဆီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်း ၂၀၂၂ခုနှစ် ဧပြီလ(၂၈)ရက်နေ့(၁၈)နာရီ(၃၀)မိနစ်အချိန်တွင် မိုး သက်လေပြင်းများ ရွာသွန်းတိုက်ခတ်မှုကြောင့် မြောက်ဆည်ကျေးရွာအုပ်စုတွင် အိမ်ခြေ (၁၅)လုံးနှင့် သီလရှင်ကျောင်း(၁)ကျောင်း၊ ဗဒင်းကျေးရွာအုပ်စုတွင် လူနေအိမ်(၃၀)နှင့် စာသင်ကျောင်း(၁)ကျောင်း၊ ခါးတကက္ကုန်းကျေးရွာအုပ်စုတွင် လူနေအိမ်(၁၉)လုံး၊ အောင်သာကျေးရွာအုပ်စုတွက် နေအိမ်(၂)လုံး၊ စုစုပေါင်းလူနေအိမ်၊ စာသင်ကျောင်းနှင့် သီလရှင်ကျောင်းအပါ(၆၈)လုံး အမိုးလန်ပျက်ဆီးခဲ့ကြောင်း သိရသည်။     

အဆိုပါ မိုးသက်လေပြင်းများ ရွာသွန်းတိုက်ခတ်မှုကြောင့် လူနှင့်တိရိစ္ဆာများထိခိုက်သေဆုံးခြင်းမရှိကြောင်းနှင့် လေဘေးဒဏ်ခံမိသားစုများအား တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ကိုရဲ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)