ရမည်းသင်းမြို့နယ်၌ အခြေခံရှေးဦးပြုစုနည်းသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းမြို့နယ်၌ အခြေခံရှေးဦးပြုစုနည်းသင်တန်းဆင်းပွဲကျင်းပ



MNP - ဧပြီ   ၂၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရမည်းသင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဆင်းပွဲကို ဧပြီ ၂၃ ရက်နံနက် ၁၀ နာရီက ရမည်းသင်း ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်သား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အတွင်း အချိန်ကို အကျိုးရှိစွာအသုံးချစေရေး မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့နှင့်ပူးပေါင်းကာ အခြေခံခြေဦးပြုစုနည်း သင်းတန်းဖွင့် သင်ကြားပေးရခြင်းကို ရှင်းလင်းကာဆက်လက်ဖွင့်လှစ် သင်ကြားမည့် Myanmar  Fitness Drance အကနှင့် ပန်းချီသင်တန်းများ ဖွင့်လှစ်သင်ကြားသွားရန်တို့ကို ရှင်းလင်း ပြောကြားပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ဦးမျိုးလွင်က အခြေခံ ရှေးဦးပြုစုခြင်း ရည်ရွယ်ချက်နှင့် အများအကျိုး ဆောင်ရွက်ပေးရခြင်းတို့ကို ရှင်းလင်းပြောကြားသည်။

  ဆက်လက်၍ အခြေခံရှေးဦးပြုစုနည်းသင်တန်း ဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ကာ သင်တန်းနည်းပြဆရာ၊ ဆရာမတို့ကို Book Club အသင်းအတွင်း ရေးမှူးနှင့် အလှူးရှင်များက ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ပြီး ပထမဆု ရသင်တန်းသူ မနန်းမေသန္တာ မှကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - ဇော်ဝင်းအောင်

မြန်မာနေရှင်နယ်ပိုစ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)