ဟိုင်းကြီးကျွန်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်နို့တိုက်မိခင်များ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးနေမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် မြို့အဆင့်ဌာနဆိုင်ရာများ သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုင်းကြီးကျွန်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်နို့တိုက်မိခင်များ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးနေမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် မြို့အဆင့်ဌာနဆိုင်ရာများ သွားရောက်ကြည့်ရှုစစ်ဆေး


MNP - ဧပြီ   ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင် များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် ထိုးနှံပေးနေမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့၊ ကံချိုင်ကျေးရွာ၊ ဆိုင်ကလုန်းရှယ်တာ ကာကွယ်ဆေးထိုးစုရပ်သို့ သွားရောက်စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့အုပ်ချုပ်ရေးမှူးဦးအောင်ကျော်ထွန်းနှင့် မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် ထိုးနှံနေမှုအား ကြည့်ရှုစစ်ဆေးပြီး ကာကွယ်ဆေး လာရောက်ထိုးနှံနေသူများအား ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သော သိမှတ်ဖွယ်ရာများ၊ ကိုဗစ်-၁၉ရောဂါ၏ အန္တရာယ်များကို အသိပညာပေး ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့တွင် ယမန်နေ့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ ကိုယ်ဝန်ဆောင်မိခင်နှင့်နို့တိုက်မိခင် (၅၀)ဦးရှိပြီး ဟိုင်းကြီးကျွန်းမြို့ပေါ်ရှိ အခြား ကာကွယ်ဆေးထိုး စုရပ်များတွင်လည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ရပ်ကွက်အလိုက် နေ့စဉ်ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - လှိုင်မျိုးအောင် 

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)