MNP - ဧပြီ ၂၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျင်ပပြုလုပ် သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၂) အခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီခွဲက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က မိုးညှင်းခရိုင်အတွင်းရှိ ဒေသခံပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူ များက ဝိုင်းဝန်းပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်ပေးကြရန်လည်းကောင်း၊ ၂၀၂၂ ခုနှစ် ပါဋ္ဌိပထမပြန် စာမေးပွဲနှင့် စူဋ္ဌဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပနိုင်ရေးအတွက်လည်းကောင်း၊ ဌာနဆိုင်ရာရုံးများ ၏ ရုံးလုံခြုံရေးနှင့် စာရွက်စာတမ်းများ လုံခြုံမှုရှိစေရေးအတွက် ဆောင်ရွက်ကြရန်နှင့် မေလ(၁၂)ရက် နေ့တွင် တက္ကသိုလ်များ ဖွင့်လှစ်တော့မည်ဖြစ်ပါသဖြင့် မိုညှင်းတက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြရန်လည်းကောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ယခင် အစည်းအဝေး(၃/၂၀၂၂)လအတွက် ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ယခုလအတွက် ဆောင်ရွက်ထားရှိမှုများကို ဌာနဆိုင်ရာအသီးသီးမှ ဆွေးနွေးတင်ပြကြရာ ခရိုင် အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သတင်း - ဇွဲသူရအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment