လင်းခေးမြို့အဝင်အထွက်ဂိတ်တွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပါ/မပါ စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လင်းခေးမြို့အဝင်အထွက်ဂိတ်တွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပါ/မပါ စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိ





MNP -  ဧပြီ   ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့ ပူးပေါင်းအစီအစဉ်ဖြင့်  လင်းခေးမြို့၊ မြို့အဝင်အထွက်ဂိတ်တွင် နေ့စဉ်နံနက် ၆ နာရီ အချိန်မှ စတင်၍ ခရီးသွားပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်)ပါရှိ/မရှိ စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရခြင်းမှာ အသက်(၁၆)နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် “ပန်းခင်းစီမံချက်” ဖြင့် ရုံးတွင်လည်းကောင်း၊ ကွင်းဆင်းခြင်းဖြင့်လည်းကောင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက် ဆင်း ဆောင်ရွက်ပေးခြင်းများအား ၃-၅-၂၀၂၁ မှ ၃-၁၁-၂၀၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းလုံးတွင် နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာ နေရာများတွင် လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်)ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင် လည်းကောင်း၊ တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ်(မှတ်ပုံတင်)အား ၁-၄-၂၀၂၂ ရက်နေ့မှ ပြသစစ်ဆေးခံရမည်ဖြစ်ကြောင်းဖြစ်သည့်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လဝကဝန်ထမ်းများက မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အတူပူးပေါင်း၍ မြို့အဝင်အထွက်ဂိတ်သို့ ရောက်ရှိလာကြသော ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)များကိုပြသစေပြီး အသက်(၁၀)နှစ် ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများ"ပန်းခင်း" စီမံချက်ကာလအတွင်း အပြီးတိုင်ပြုလုပ်သွားကြရန်နှင့် ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပါရှိမှသာ ခရီးသွားလာခွင့်ရရှိမည်ဖြစ်ကြောင်းနှင့် နောင်တွင် နိုင်ငံသားကတ်အစား ထောက်ခံစာများပြသ၍ ခရီးသွားလာခြင်း အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ပါကြောင်း နိုင်ငံသားကတ်(အတု) ကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိကိုင်ဆောင်ခြင်းများသည် တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်ပါကြောင်း အသိပညာပေးခြင်းနှင့် ကတ်ပြားများ ပါ/မပါစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ စစ်ဆေးရာတွင် ၁-၄- ၂၀၂၂ ရက်နေ့က စတင်စစ်ဆေးဆောင်ရွက်ခဲ့ရာ ယနေ့ထိ မော်တော်ယာဉ် (၄၅)စီးနှင့် ခရီးသည်(၁၄၀)ဦးခန့်တို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများပါရှိမရှိ စစ်ဆေးဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)