ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တက်ရောက်



MNP - ဧပြီ   ၃၀

ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ် (၆) အခြေခံပညာ အထက်တန်း ကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ရဲမှူးကြီး ကိုကိုလွင်နှင့် ဦးကျော်သိန်းဆိုင်၊ နေပြည်တော်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦး၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ယနေ့ဖွင့်လှစ်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲဟာ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်တာ ဖြစ်ပါကြောင်း၊ ကျောင်းအုပ်ကြီးတွေဟာ ကျောင်းတစ်ကျောင်းမှာ အရေးကြီးဆုံး ပုဂ္ဂိုလ်များ ဖြစ်သလို ကျောင်းအုပ်ကြီးတွေရဲ့ စွမ်းဆောင်ရည်ဟာ ပညာရေးမှာအလွန် အရေးကြီးသလို ကျောင်းအုပ်ကြီးဟာ စီမံခန့်ခွဲရေးသမားကောင်း တစ်ယောက်လည်း ဖြစ်ပါကြောင်း၊ စီမံခန့်ခွဲ တယ်ဆိုတဲ့နေရာမှာ ကျောင်းကိုစီမံခန့်ခွဲခြင်း၊ အချိန်ကိုစီမံခန့်ခွဲခြင်း၊ ငွေကြေးကိုစီမံခန့်ခွဲခြင်း၊ လူကိုစီမံခန့်ခွဲခြင်းနှင့် အထွေထွေစီမံခန့်ခွဲခြင်းတွေဖြစ်ပါကြောင်း၊ ယခုကဲ့သို့ကျောင်းအုပ်ကြီး များ စီမံခန့်ခွဲမှုအလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွားသင်တန်း)မှာ ပို့ချမဲ့ ဘာသာရပ်တွေက စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စစ်ဆေး၊ စာရင်းအင်းဘာသာရပ်တွေ ပါဝင်မယ်လို့ သိရပါကြောင်း၊ ဒါကြောင့် ကျောင်းအုပ်ကြီးများအတွက် များစွာအကျိုးရှိပြီး မိမိတို့ လုပ်ငန်းခွင်မှာ အသုံးချနိုင်မဲ့ အလုပ်ရုံ ဆွေးနွေးပွဲဖြစ်မယ်လို့ မျှော်လင့်ပါကြောင်း၊ မကြာမီတွင် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးတို့အတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးက ပညာရေး စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်လှစ်ရသည့် ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်များမှ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီး (၇၉) ဦးတက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို မေလ ၁ ရက်နေ့အထိ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့်စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)