ကချင်ပြည်နယ်ဝန်ကြီးချုပ် အသစ်ခန့်အပ်ထားသည့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂ ဝန်ထမ်းများ သင်တန်းဆင်းပွဲနှင့် ပြည်နယ်အစိုးရအဖွဲ့သို့ ကွန်ပျူတာများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် အသစ်ခန့်အပ်ထားသည့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂ ဝန်ထမ်းများ သင်တန်းဆင်းပွဲနှင့် ပြည်နယ်အစိုးရအဖွဲ့သို့ ကွန်ပျူတာများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်

 





MNP - ဧပြီ   ၂၉

ကချင်ပြည်နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနက အသစ်ခန့်အပ်ထားသည့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂ ဝန်ထမ်း (၁၀၀)ဦးတို့အား လုပ်ငန်းခွင်သင်တန်းအဖြစ် ဖေဖော်ဝါရီလမှစတင်၍ ၃ လကြာ ဖွင့်လှစ်ပို့ချပေးခဲ့ပြီ သင်တန်းဆင်းပွဲကို ဧပြီ ၂၉ ရက် နံနက် ၈ နာရီက ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။

သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား ဝန်ထမ်းအသစ်များအနေဖြင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများပီပီ မိမိနိုင်ငံ၊ မိမိလူမျိုးများ၏ အကျိုးအတွက် စိတ်စေတနာ ထက်သန်စွာဖြင့် တာဝန်ကိုလိုလားစွာ ထမ်းဆောင်ကြရန်၊ စာတွေ့ (၃)လ၊ လက်တွေ့ (၃)လ သင်ကြားပေးမှာဖြစ်သည့်အတွက် သင်တန်းပြီးဆုံးချိန်တွင် တာဝန်ကျရာဒေသရှိ ပြည်သူများအတွက် ကောင်းမွန်စွာ အလုပ်အကျွေးပြုကြရန် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကို ဦးထိပ်ပန်ဆင် ဆောင်ရွက်နိုင်ကြသည့် ဝန်ထမ်းကောင်း၊ ဝန်ထမ်းမြတ်များအဖြစ် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင်က ဝန်ကြီးဌာနမှ ကချင်ပြည်နယ်အတွက် ဝန်ထမ်းသစ်များ ခန့်ထားခွင့်ပေးခဲ့သည့် အခြေအနေများ၊ ဝန်ထမ်းသစ် (၁၀၀)ဦးတို့အား တစ်ကြိမ်လျှင် သင်တန်းသား (၅၀)ဦးစီခွဲ၍ သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပို့ချသွားရန် စီစဉ်ဆောင်ရွက်ခဲ့မှုများ၊ ဝန်ထမ်းသစ်များအား ရပ်ကွက်/ ကျေးရွာများတွင် တာဝန်ပေးအပ်သွားမည့် အစီအမံများနှင့် ဝန်ထမ်းသစ်များအနေဖြင့် တာဝန်ကျရာနယ်မြေများတွင် ကြိုးစားသင်ယူရမည့် ပညာရပ်များ၊ တာဝန်ထမ်းဆောင်ရန်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သည့် ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုဆုတံဆိပ်များ၊ သင်တန်းသား/ သင်တန်းသူအားလုံးအတွက် သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းသားများအတွက် ခရီးစရိတ်ထောက်ပံ့ငွေကျပ် ၁၄ သိန်းကို ထောက်ပံ့ပေးအပ်ရာ သင်တန်းသားက လက်ခံရယူပြီ သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ အလှူရှင်များက ရုံးသုံးကွန်ပျူတာများ ပေးအပ်လှူဒါန်းပွဲသို တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရုံးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် အဓိကကျသည့် လူသားအရင်းအမြစ် လိုအပ်ချက်သာမက လုပ်ငန်းများ လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယခုလို အထောက်အကူပြုပစ္စည်းများဖြစ်သည့် ကွန်ပျူတာများကို လာရောက်လှူဒါန်းကြသည့် အလှူရှင်များအား မိမိတို့အစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အလှူရှင်များဖြစ်သည့် ချန်းရှိချင်းယန့်ကုမ္ပဏီမှ ကွန်ပျူတာ အလုံး (၃၀)စုံနှင့် မန်းပြည်တံခွန်ကုမ္ပဏီက လှူဒါန်းသည့် ကွန်ပျူတာ (၁၀)စုံ၊ စုစုပေါင်း ကွန်ပျူတာ အလုံး (၄၀)စုံတို့အား တာဝန်ရှိသူများ၏ ပေးအပ်လှူဒါန်းမှုကို လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)