မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


MNP - ဧပြီ   ၂၉

မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်းဆန်းခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး ကော်မတီဥက္ကဋ္ဌ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က လူငယ်များနှင့် ကလေးများသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ပုံရိပ်ကို ဖန်တီးရာတွင် အလွန်အရေးပါကြောင်း၊ ဒေသတွင်း  ဖွံဖြိုးဆဲ နိုင်ငံအများစုမှာ ကုန်ထုတ်စွမ်းအားကို အထောက်အကူ ဖြစ်စေမည့် လူငယ်လူရွယ်များနှင့် ကလေးများကို အလုပ်သမားအဖြစ် အသုံးပြုလျက်ရှိသည်ကို တွေ့ရကြောင်း၊ ၂၀၁၈ ခုနှစ် နှစ်စဉ် လုပ်သားအင်အား အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ကလေးဦးရေ (၁၂)သန်းကျော်ရှိသည့်အနက် ကလေးအလုပ်သမား (ဝ.၃၄)သန်း ကျော်ရှိကြောင်း၊ အဆိုပါ ကလေး အလုပ်သမားများအနက် (ဝ.၃၁) သိန်းခန့်သည် အန္တရာယ်ရှိသော အလုပ်များ လုပ်ကိုင်နေရသည့် အသက် (၁၈)နှစ်အောက် ကလေးငယ်များ ဖြစ်ကြောင်း၊ လုပ်ငန်းခွင်များမှ ကလေးများကို ကာကွယ်စောင့်ရှောက်နိုင်ရန် ၂၀၁၉-၂၀၂၃ အမျိုးသားအဆင့် ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ အတွင်းရေးမှူး၊ မွန်ပြည်နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန တာဝန်ရှိသူမှ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြပြီး၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆပ် ကော်မတီများက အသေးစိတ်လုပ်ငန်း စီမံချက်ရေးဆွဲ အကောင်အထည်ဖော်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

သတင်း - ခင်စန်းမြင့်ခရိုင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)