ကျောက်တန်းကျေးရွာမှတောင်သူများ မြေအောက်ရေဖြင့် ရုံးပတီသီး စိုက်ခင်များ တိုးချဲ့စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းကျေးရွာမှတောင်သူများ မြေအောက်ရေဖြင့် ရုံးပတီသီး စိုက်ခင်များ တိုးချဲ့စိုက်ပျိုး



MNP - ဧပြီ    ၂၈

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ တောင်သူများ ရုံးပတီသီး စိုက်ပျိုးရာ တွင် နွေရာသီဖြစ်ပြီး မြေအောက်ရေဖြင့် စိုက်ပျိုးရသော်လည်း ဖောက်သည်ယူသူများဖြင့် လှိုင်လှိုင်ရောင်းချ နေရသောကြောင့် စိုက်ခင်းများ တိုးချဲ့စိုက်ပျိုးလာကြကြောင်း ရုံးပတီစိုက် တောင်သူများထံမှ သိရသည်။

ရုံးပတီပင်များ စိုက်ပျိုးရာတွင် အပင်ပေါက်မြန်ပြီး ပိုးများကို အချိန်မီနှိမ်နင်းနိုင်ပါက စိုက်ပျိုးသူတို့အဖို့ တွက်ခြေကိုက်သော အပင်အမျိုးအစားဖြစ်သည်။ အပင်ကောင်းပါက တစ်ပင်လျှင် ၁၃ တောင့်မှ ၁၅ တောင့်အထိ အသီးတင်နိုင်ပြီးတစ်တောင့်လျှင် ၆ ကျပ်နှုန်းဖြင့် ဖောက်သည်ပေးရကာ တစ်ဧကလျှင် အပင်ပေါင်း တစ်သောင်းကျော် ရှိသောကြောင့် တစ်ရာသီလျှင်ကျပ် ၈၀၀၀၀၀ ကျော် ၉၀၀၀၀၀ အထိ ရရှိကြသည်။

အဆိုပါ ရုံးပတီပင် စိုက်ခင်းများကို အတန်းလိုက် ပေါင်ဆွဲ၍ စိုက်ပျိုးကြပြီး ၇ ရက်ခြားတစ်ခါ ရေသွင်းပေးရ သည် သို့မှသာ ပေါင်းမြက်ရှင်းခြင်းနှင့် ပိုးသတ်ဆေး ဖျန်းခြင်းများလည်း လွယ်ကူစွာ ပြုလုပ်ပေးနိုင်သည်။ ရုံးပတီပင်များကို ၁၀ ရက်တစ်ကြိမ် ပိုးသတ်ဆေးဖျန်းပေးရပြီး စိုက်ပျိုး၍ တစ်လခွဲကြာလျှင် အသီးများ စသီးကာ နှစ်လကြာလျှင် ခူးဆွတ်ရကြောင်း သိရသည်။ ရုံးပတီသီး  အပင်အား ကောင်းသည့်အပေါ် မူတည် ၍ ၃ လ၊ ၄ လကြာအောင် ခူးဆွတ်ရကြောင်းလည်း သိရသည်။

ကျောက်တန်းကျေးရွာမှ တောင်သူများသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြသည့် ကျေးရွာများ ဖြစ်သောကြောင့် ရုံးပတီ စိုက်ခင်းများအပြင် သခွား၊ ဖရုံ၊ ဘူး၊ ပန်းမုံလာ၊ မုံညင်း၊ နံနံ၊ ချဉ်ပေါင်၊ ခရမ်းချဉ် စိုက်ခင်းများ၊ ပန်းအမျိုးမျိုး၊ ဆူးပုတ်၊ ကင်ပွန်းချဉ်နှင့် ငှက်ပျောစိုက်ခင်းများကို မြေအောက်ရေဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေရွာ ရုံးပတီသီး စိုက်ပျိုး ရောင်ချသူ ဒေါ်မြအေးထံမှ သိရသည်။

သတင်း - ဇေယျာထက် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)