ကသာမြို့၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာခိုင်နှုန်းပြည့်ထိုးနှံနိုင်ရေး အတွက် ဆေးထိုးနေရာများ တိုးချဲ့ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာမြို့၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာခိုင်နှုန်းပြည့်ထိုးနှံနိုင်ရေး အတွက် ဆေးထိုးနေရာများ တိုးချဲ့ဆောင်ရွက်




MNP - ဧပြီ  ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းမရှိ သေးသည့် ပြည်သူများအား ကာကွယ်ဆေးများ ရာခိုင်နှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ဧပြီလ (၁)ရက်နေ့မှစတင်၍ ဆေးထိုးနေရာများတိုးချဲ့ကာ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ကသာမြို့နယ်တွင် ယခင်က ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို မြို့တော်ခန်းမတစ်ခုတည်းတွင်သာ ဆောင်ရွက်ခဲ့သော် လည်း ယခုအချိန်တွင် မြို့တော်ခန်းမ၊ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်၊ ကျောက်တိုင်ကွင်းဆိပ်နှင့် ဈေးများတွင် ဆေးထိုးနေရာများထားရှိပြီး ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့်အပြင် လုံခြုံရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသည့် ပြည်သူများကိုလည်း ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)