အသက် ၁၅ နှစ်နှင့် ၁၈နှစ်ကြား ပြည်သူများ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်‌ဆေးထိုးနှံခြင်းနှင့် အသက်၁၈နှစ်အထက် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသက် ၁၅ နှစ်နှင့် ၁၈နှစ်ကြား ပြည်သူများ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်‌ဆေးထိုးနှံခြင်းနှင့် အသက်၁၈နှစ်အထက် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး


MNP - ဧပြီ   ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်တွင် ၇ ရပ်ကွက် ဒေသန္တရနှင့် ရှမ်းတဲကြီးကျေးရွာတို့တွင် စုရပ်၂ခု သတ်မှတ်၍ အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြားရှိ ပြည်သူများ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနှင့် အသက်၁၈နှစ်အထက် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်၈နာရီတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးထူးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့် အဖွဲ့ဝင်များက ကာကွယ်ဆေး ထိုးနှံမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူး များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၎င်းနောက်ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဧပြီလ၂၇ရက်နေ့တွင် ၇ ရပ်ကွက်ဒေသန္တရနှင့် ရှမ်းတဲကြီး ကျေးရွာစုရပ်၂ခုတွင် အသက်၁၅နှစ်မှ ၁၈ နှစ်အကြား ပထမအကြိမ် sinovac ထိုးနှံသူ(၃၄)ဦး၊ အသက်၁၈နှစ်အထက် Astrazeneca ပထမအကြိမ် ထိုးနှံသူ(၈၀)ဦး၊ Covishield ဒုတိယအကြိမ်(၂၃၁)ဦး၊ Sinopharm ပထမနှင့် ဒုအကြိမ်ထိုးနှံသူ(၃၅)ဦး စုစုပေါင်း (၃၈၀)ဦး ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သတင်း ရရှိသည်။

သတင်း - ဝင်းအိမွန်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)