မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နေကြာ (မိုး/ဆောင်း) သီးနှံစိုက်ပျိုးနိုင်ရေး ကျေးရွာများတွင် ကွင်းဆင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နေကြာ (မိုး/ဆောင်း) သီးနှံစိုက်ပျိုးနိုင်ရေး ကျေးရွာများတွင် ကွင်းဆင်း ဆောင်ရွက်



MNP - ဧပြီ   ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင်  နေကြာ (မိုး/ဆောင်း) သီးနှံစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သည့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းက ပင်္ဂကျေးရွာ၊ လက်ခုပ်ပင်ကျေးရွာ၊ ကျောက်ပန်းတောင်းကျေးရွာများသို့ သွားရောက်၍ ဒေသခံတောင်သူများအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ များ ပူးပေါင်းအဖွဲ့က လာရောက်အသိပေး ရှင်းလင်းဆွေးနွေး ခြင်းဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် မိမိတို့၏ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေလုံခြုံရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်ဆေးထိုးအကြိမ်ရေပြည့်စွာ ထိုးနှံကြရန် ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နေကြာ(မိုး/ဆောင်း) သီးနှံစိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများအား မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းတာဝန်ပေးထားပြီးဖြစ်၍ သက်ဆိုင်ရတိုက်နယ်များအလိုက် ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း‌၊ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရာ၌ လျာထားဧကများတွင် အောင်မြင်စွာစိုက်ပျိုးနိုင်ရေး တောင်သူများမှလည်း ပူးပေါင်းဆောင်ရွက်ကြရန်တို့အား ဆွေးနွေးပြောကြား ခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းညွန့်မောင်က ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆီထွက်သီးနှံ နေကြာ(မိုး/ဆောင်း)အောင်မြင်ဖြစ်ထွန်း စွာ စိုက်ပျိုးနိုင်ရေးနှင့်လျာထားဧကများတွင် အောင်မြင်စွာစိုက်ပျိုးနိုင်ရေးတို့အား ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များနှင့် တောင်သူများက ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆီထွက်သီးနှံ နေကြာ (မိုး/ဆောင်း)တွင် လျာထားဧကများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

မင်းလှမြို့နယ်၌ ကျေးရွာအုပ်စု ၆၃ အုပ်စုတွင်  မိုးနေကြာ ၂၅၁၂ ဧက၊ ဆောင်းနေကြာ ၆၀၀၂ ဧက၊ စုစုပေါင်း ၈၅၁၄ ဧကတွင် နေကြာစိုက်ပျိုးရန် လျာထား ရာ မိုးနေကြာစိုက်ပျိုးရန် ၂၅၁၂ ဧကမှ သီးညှပ်ဧက ၁၄၆၇ ဧကအတွက် တစ်ဧကလျှင် နေကြာမျိုး(၁)ပြည်နှုန်း ထောက်ပံ့ ပေးမည် ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သတင်း  - ဇာဇာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)