ရေတာရှည်မြို့နယ်တွင် လေဘေးသင့်နေအိမ်များမှ မိသားစုများအား ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ်တွင် လေဘေးသင့်နေအိမ်များမှ မိသားစုများအား ထောက်ပံ့ငွေပေးအပ်




MNP - ဧပြီ    ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ဧပြီလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လေဘေးသင့် နေအိမ်များမှ မိသားစုများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ပွဲကို ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်းက လေဘေးသင့် ပြည့်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများ၌ ဧပြီလ(၈)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခြင်း၊ အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သော အိမ်ခြေ(၅၀)ရှိ မိသားစုဝင် (၁၉၇)ဦးအတွက် ဆန်နှင့် ရိက္ခာဖိုး (၄၁၃၇၀၀)ကျပ်နှင့် အိမ်ပြင်ဆင်စရိတ် (၃၀၈၀၀၀၀) ကျပ်ကိုလည်းကောင်း၊ ဧပြီလ (၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခြင်း၊ အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သော အိမ်ခြေ(၁၃၀)ရှိ မိသားစုဝင် (၅၁၇)ဦးအတွက် ဆန်နှင့် ရိက္ခာဖိုး (၁၀၈၅၇၀၀)ကျပ်နှင့် အိမ်ပြင်ဆင်စရိတ်(၇၄၅၀၀၀၀)ကျပ်ကိုလည်းကောင်း ပြိုလဲနေအိမ်(၉)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးအားလည်းကောင်း တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)