အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ၊ သက်ကြီးဘိုးဘွားများ ပူ‌ဇော်ကန်တော့ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ၊ သက်ကြီးဘိုးဘွားများ ပူ‌ဇော်ကန်တော့ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ





MNP - ဧပြီ    ၆

နေပြည်တော်အဆင့် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ၊ သက်ကြီး ဘိုးဘွားများ ပူဇော်ကန်တော့ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၇ ရက်၊ နှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ရာ အဆိုပါ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများအလိုက် လုပ်ငန်းတာဝန်များကို ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီးဖြစ်၍ လိုအပ်ချက်၊ အားနည်းချက်များမရှိစေရေး သက်ဆိုင်ရာကော်မတီများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်၊ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာများ လစ်ဟင်းမှုမရှိစေရေး အလေးထားဆောင်ရွက်ကြရန်နှင့် ကော်မတီအသီးသီးမှ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ သံဃာတော်များဖိတ်ကြားရေး၊ သက်ကြီးဘိုးဘွားများ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ လူပုဂ္ဂိုလ်များ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ လူပုဂ္ဂိုလ်များ ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုဆပ်ကော်မတီ၊ သတင်းနှင့်မှတ်တမ်းတင်ရေး ဆပ်ကော်မတီနှင့် လုံခြုံရေးဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ဆောင်ရွက် မည့် အစီအစဉ်များနှင့် လက်ရှိဆောင်ရွက်ထားမှု အခြေအနေများကို အလှည့်ကျဆွေးနွေး တင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက နိဂုံးချုပ်အမှာစကားပြောပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)