MNP ၊ ဧပြီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် လျှပ်စစ်အန္တရာယ်ကာကွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု လျှော့ချရေးနံရံကပ်စာစောင်နှင့် အသိပညာပေး ပြဘုတ်များ ခင်းကျင်းပြခြင်းကို ဧပြီလ ၂၀ ရက်နေ့မှစ၍ ယနေ့အထိ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ လျှပ်စစ်အန္တရာယ်ကာကွယ်ရေးနှင့် ဓာတ်အား ချွေတာသုံးစွဲရေး နံရပ်ကပ်စာစောင်နှင့်ပြဘုတ်များ ခင်းကျင်းပြသရာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်သူများ လိုက်နာနိုင်ရန် ထုတ်ပြန်ထားသည့် အသိပညာပေး စာ စောင်များ၊ လက်ကမ်းစာစောင်များ၊ ရုပ်ပုံကားချပ်များနှင့် ကြေညာချက်များကို ဝေဝေဆာဆာ ခင်းကျင်း ပြသထားရာ ဒေသခံ ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှူကြကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment