သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိရေး သန်လျင်၌ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိရေး သန်လျင်၌ ဆောင်ရွက်


MNP - ဧပြီ   ၂၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့ငယ်အတွင်းရှိ ကျေးရွာများတွင် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရန်ရည်ရွယ်၍ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၂၃ သန်းဖြင့် ကရင်ဆိပ်ကျေးရွာတွင် ရေသန့်စင်စနစ် ဆောင်ရွက်ခြင်း လုပ်ငန်းအား အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုအခါ အဆိုပါကျေးရွာရှိ ရေသန့်စင်စနစ် ဆောင်ရွက်ခြင်းလုပ်ငန်းသည် ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်၍ ရေသန့်စနစ် အမြဲလည်ပတ်မှုရှိစေးရေးနှင့် ရေရှည်ထိန်းသိမ်း ပြုပြင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ကျေးရွာရေကော်မတီဝင်များနှင့် တွေ့ဆုံ၍ သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဦးစီးအရာရှိ (နည်းပညာ) တို့မှ ရေကော်မတီဝင်များနှင့်တွေ့ဆုံ၍ သင်တန်းပို့ချမှုနှင့် ရေသန့်စင်စနစ် လုပ်ငန်းပြီးစီးမှုတို့အား ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူက ဧပြီ ၃၀ ရက်တွင် ကွင်ဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကရင်ဆိပ်ကျေးရွာတွင် ရေသန့်စင်စနစ် ဆောင်ရွက်ပြီးဖြစ်၍ ကျေးရွာအတွင်းရှိ အိမ်ခြေ ၉၆၆၊  အိမ်ထောင်စု ၉၉၄၊ လူဦးရေ  ၃၉၈၄ တို့၏ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိပြီဖြစ်၍ ကျေးလက်နေ ပြည်သူများက ဝမ်းမြောက်ကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)