MNP ၊ ဧပြီ ၂၈
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာသံတွဲခရိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းကအဖွင့်အမှာစကား ပြောကြားရာတွင် လက်ရှိသံတွဲခရိုင်အတွင်း တည်ငြိမ် အေးချမ်းမှုကိုသင်္ကြန်ကာလခရီးသွားများဝင်ရောက်မှုကိုကြည့်၍သိနိင်ကြောင်း၊ဌာနဆိုင်ရာများအနေဖြင့်တည်ငြိမ်အေးချမ်းမှုနှင့်အတူဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တွေးခေါ် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ၊လုပ်ငန်းများအောင်မြင်ရေးအတွက်ဝန်ထမ်းများအားသင်ကြားပြသပေးခြင်း၊စည်းရုံးဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ် က မြို့သန့်ရှင်း သာယာ လှပရေးဆောင် ရွက်ရန်၊ဌာနဆိုင်ရာများနယ်မြေကျော် ထွက်ခွာခွင့် တင်ပြသည့်ကိစ္စ၊ ဌာနဆိုင်ရာဝန်ထမ်းများ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းနှင့် အညီနေထိုင်ရေးများကို လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ငပလီမြို့သန့်ရှင်း ဦးမောင်သာစိန်က သံတွဲမြို့နယ်နှင့် သာယာလှပရေးဆောင်ရွက်မည့်အခြေအနေများကိုလည်းကောင်း ဆွေးနွေး တင်ပြ ခဲ့ကြသည်။
၎င်းနောက်ခရိုင်အဆင့်ဌာနဆိုင်ရာများက မိမိဌာနများအလိုက်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များနှင့် အခက်အခဲများ ကိုတင်ပြဆွေးနွေးကြရာ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
သတင်း - စန္ဒာကြည်
https://t.me/MyanmarNationalPost
No comments:
Post a Comment