တာချီလိတ်မြို့ နဂါးရုံဓမ္မရိပ်သာကျောင်းတိုက် သုံးထပ်ကျောင်းဆောင်သစ်အတွက် အလှူငွေ၊ ဆွမ်းဆန်တော်နှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့ နဂါးရုံဓမ္မရိပ်သာကျောင်းတိုက် သုံးထပ်ကျောင်းဆောင်သစ်အတွက် အလှူငွေ၊ ဆွမ်းဆန်တော်နှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း





MNP - ဧပြီ   ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ နဂါးရုံဓမ္မရိပ်သာ ကျောင်းတိုက် သုံးထပ်ကျောင်းဆောင်သစ်အတွက် အလှူငွေ၊ ဆွမ်းဆန်တော်နှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းတိုက်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော်နှင့် အဖွဲ့ဝင်များက နဂါးရုံဓမ္မရိပ်သာကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆောက်လုပ်ဆဲ အရှည်(၉၀)ပေ၊ အကျယ်(၂၅)ပေရှိ "အဝေရာရာမ "သုံးထပ်ကျောင်းဆောင်သစ်အတွက်  ထိုင်းဘတ်ငွေငါးသောင်း (ကျပ်သိန်း- ၃၀ ခန့်)၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္တူပစ္စည်းများကို ဆရာတော်ထံဆက်ကပ်လှူဒါန်း၍ ရေစက်ချအနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေသည်။ ထို့နောက် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

အဆိုပါလှူဒါန်းမှုကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၏ဇနီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော်၏မွေးမိခင် ဒေါ်ခင်ညွန့်ကွယ်လွန်ခြင်း(၉)နှစ်ပြည့်ကိုရည်စူး၍ လှူဒါန်းခြင်းဖြစ်ကြောင်းနှင့် ဆောက်လုပ်ဆဲအရှည်(၉၀)ပေ၊ အကျယ်(၂၅)ပေရှိ "အဝေရာရာမ "သုံးထပ်ကျောင်းဆောင်သစ် အမြန်ဆုံးဆောက်လုပ်ပြီးစီးရေးအတွက် အလှူရှင်များအနေဖြင့် အလှူငွေများထည့်သွင်းလှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်း - ယာဆေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)