မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော် ရေးကော်မတီမှ စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော် ရေးကော်မတီမှ စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

 




MNP - ဧပြီ   ၂၉


ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီမှ စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က စီမံကိန်းလုပ်ငန်းတာဝန်ပေးအပ် ခြင်းနှင့်စပ်လျဉ်း၍ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးနှင့်ပတ်သက်ပြီး ခရိုင်/မြို့နယ်အတွင်း ရှိဌာန များအနေဖြင့် တိကျစွာဂရုပြုလိုက်နာဆောင်ရွက်စေလိုကြောင်း အမှာစကားပြောကြားပြီး ခရိုင်စီမံကိန်း ဦးစီးမှူး ဦးသက်ခိုင်က ဒေသန္တရစီမံကိန်း ရည်မှန်းချက်နှင့် လုပ်ငန်းစီမံကိန်းတို့ကို ရှင်းလင်းတင်ပြခဲ့သည်။


ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က လယ်ယာကဏ္ဍစီမံကိန်း တာဝန်အား ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးမိုးဇော်ထက်အား လည်းကောင်း၊ လယ်ယာစိုက်ပျိုးရေး စီမံကိန်းတာဝန်အား ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးထွန်းလွင် အားလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စီမံကိန်းတာဝန်ပေးအပ်ခြင်းကို မိုင်းဆတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် မိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးတို့အား လည်းကောင်း၊ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆောက်လုပ်ရေးဝန်ကြီးဌာန လုပ်ငန်း စီမံကိန်းများကို လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဇာနည်ဦးအားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှအေးနှင့် ခရိုင်စီမံကိန်းဦးစီးမှူး ဦးသက်ခိုင်တို့က သက်ဆိုင်ရာ တာဝန်ရှိသူတို့အား စီမံကိန်းလုပ်ငန်းတာဝန်များကို ပေးအပ်ခဲ့ကြသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က စီမံကိန်းလုပ်ငန်းတာဝန်များ ကိုဆောင်ရွက်ရာတွင် နိုင်ငံတော်မှခွဲဝေချပေးသည့် ရန်ပုံငွေများဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုး တိုးတက်စေရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း ထပ်ဆင့်အမှာစကား ပြောကြားခဲ့ ကြောင်းသိရသည်။


သတင်း - မြင့်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)