Pages

Pages

အဆိုတော်အောင်လနှင့် ဝိုင်းစုခိုင်သိန်း ပြန်လည်ဖမ်းဆီးခံရ



MNP ၊ ဧပြီ ၂၆

ပြီးခဲ့သည့်ရက်ပိုင်းက တညတာ ဖမ်းဆီးပြီးခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သော အဆိုတော်အောင်လနှင့် ဝိုင်းစုခိုင်သိန်း ကို ဧပြီလ ၂၅ ရက်ညပိုင်းက ပြန်လည်ဖမ်းဆီးသွားကြောင်း သိရသည်။

ပထမအကြိမ် ဖမ်းဆီးခံရပြီးခံဝန်ဖြင့် ပြန်လွှတ်ပေးခြင်းအပေါ် လူမှုကွန်ရက်ပေါ်တွင် ရဲတပ်ဖွဲ့မှ ငွေယူပြီး ပြန်လွှတ်ပေးခဲ့သည်ဟု ကျယ်ကျယ်လောင်လောင်ဝေဖန်သံများထွက်လာပြီးနောက် ပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုတော်အောင်လ သည် သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် သီတဂူဆရာတော်ကြီး၏ ပုံအား photoshop ဖြင့် မဖွယ်မရာဖော်ပြ၍ အစိုးရကို ဆဲဆိုရေးသားမှုများကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့သူဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် လက်လုပ်ဗုံးစမ်းသပ်စဉ် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ဖူးသည်။

အောင်လ ၏ လိပ်စာအား ဟန်ငြိမ်းဦး အဖွဲ့က ဖော်ထုတ်တင်ပြခဲ့ပြီး ဖမ်းဆီးပြီး ပြန်လွှတ်ခဲ့သည့်အတွက် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment