ပေါင်မြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပ‌ဗေဒဘာသာရပ် ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပ‌ဗေဒဘာသာရပ် ဖြေဆို



MNP - ဧပြီ    ၅

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဧပြီလ ၅ ရက်တွင် နိုင်ငံတဝှမ်း၌ ရူပဗေဒ ဘာသာရပ်ကို ပဉ္စမနေ့အဖြစ် တစ်ပြိုင်နက်တည်း စတင်ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်မှ စာစစ်ဌာန ၇ ခုသို့ လာရောက်ဖြေဆိုသူ (၉၄.၂၅) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး စာရင်းအရ သိရသည်။

ပေါင်မြို့နယ်တွင် အ.ထ.ကပေါင်၊ အ.ထ.က-နတ်ကြီးချောင်၊ အ.ထ.ကအလှပ်၊ အ.ထ.ကမုတ္တမ၊ အ.ထ.ကဇင်းကျိုက်၊ အ.ထ.ကရင်းငြိမ်၊ အ.ထ.ကသဲကုန်း စာစစ်ဌာန (၇)ခု၌ တက္ကသိုလ် ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ်ဖြေဆိုခွင့်ရှိသူ (၉၂၈)ဦးရှိသည့်အနက် ကျောင်းသား၊ ကျောင်းသူ(၈၆၈)ဦး လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါစာစစ်ဌာနများတွင် ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် မြို့နယ်စီမံကောင်စီဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင် များနှင့် လူမှုရေးအသင်းအဖွဲ့များမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၁ -၂၀၂၂ ပညာသင်နှစ်တွင် ကိုဗစ်(၁၉) ကပ်ရောဂါကြောင့် ကျောင်းများကို စာသင်နှစ် အပြည့် ဖွင့်လှစ်နိုင်ခြင်းမရှိ‌ခဲ့သော်လည်း နိုင်ငံတဝှမ်းမှ တိုင်းနှင့်ပြည်နယ်အသီးသီး၊ နိုင်ငံခြား စာစစ်ဌာနအပါအဝင် စာစစ်ဌာန စုစုပေါင်း ၁၂၀၀ ကျော်မှာ ကျောင်းသားကျောင်းသူဦးရေ သုံးသိန်းကျော် တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့် လျှောက်လွှာ တင်သွင်းထားကြောင်း ပညာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စာစစ်ဌာနအသီးသီးတွင် တင်သွင်းထားသည့်စာရင်းများအရ ကျောင်းတွင်းဖြေဆိုသူ နှစ်သိန်းကျော်နှင့် ပြင်ပမှဖြေဆိုသူ တစ်သိန်းကျော်ရှိပြီး ယခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

သတင်း - တင်ဇာစိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)