သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းအတွင်း စက္ကူအရုပ်ခေါက်နည်း သင်ကြားပြသပေးခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းအတွင်း စက္ကူအရုပ်ခေါက်နည်း သင်ကြားပြသပေးခြင်း ဆောင်ရွက်





MNP - ဧပြီ   ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်သောကလေးများအား မြို့နယ်ဦးစီးမှူးမှ ယမန်နေ့ မွန်းလွဲပိုင်းက ကလေးစာဖတ်ခန်းအတွင်း ရောင်စုံစက္ကူများဖြင့် စက္ကူအရုပ်ခေါက်နည်းများကို သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။  

ရှေးဦးစွာ ကလေးစာဖတ်ခန်းအတွင်းကလေးငယ်များအား ရောင်စုံစက္ကူဖြင့် ပိုးကောင်အရုပ်ပြုလုပ်ခြင်းကို သင်ကြားပြသပေးပြီး ကလေးငယ်များကို ကိုယ်တိုင်ပြုလုပ်ဆောင်ရွက် စေခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် ကလေးများ တီထွင်ဖန်တီးမှုစွမ်းရည် မြင့်မားလာစေရန်၊ ကိုယ်ရည်ကိုယ်သွေး ထက်မြက်လာစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်လာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍  ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံတူပန်းချီဆွဲပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စက္ကူအရုပ်ခေါက်ပြိုင်ပွဲစသည့် ပြိုင်ပွဲများကိုလည်း လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ခင်လေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)