မြဝတီမြို့၌ လူငယ်နှင့်စာပေဆိုင်ရာ ကောင်းကျိုးများ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့၌ လူငယ်နှင့်စာပေဆိုင်ရာ ကောင်းကျိုးများ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပ


MNP - ဧပြီ    ၂၃

လူငယ်များ စာပေ၏ ကောင်းကျိုးကို သိရှိပြီး စာအုပ်စာပေဖတ်ရှုခြင်းနှင့် စာဖတ်သည့်အလေ့အထ ပိုမို တိုးတက်ရရှိစေရေး လူငယ်နှင့်စာပေဆိုင်ရာ ကောင်းကျိုးများ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို မြဝတီခရိုင်ပြန်ကြားနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မာမာရီက ယနေ့ လူငယ်များသည် နောင်အနာဂါတ်ပင်ဖြစ်ပါကြောင်း၊ ယနေ့ လူငယ်များ အတွေးမှန်အမြင်မှန် လုပ်ရပ်မှန်မှ နောင်အနာဂါတ်လည်း မှန်ကန်ကောင်းမွန်သည့် အနာဂါတ် ဖြစ်လာမှာ ဖြစ်ပါကြောင်း၊ အတွေးမှန် လုပ်ရပ်မှန်စေဖို့ စာအုပ်စာပေ ဖတ်ရှုဖို့လိုအပ်ပါကြောင်းနှင့် စာပေ ဖတ်ရှုခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအား အသိပညာပေး ဟောပြောသည်။

ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲသို့ မြဝတီမြို့၊ အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ စိတ်ပါဝင်စားသူ လူငယ်လူရွယ်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

သတင်း - ထိန်လင်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)