မိတ္ထီလာမြို့နယ်တွင် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ကျင်းပ



MNP - ဧပြီ   ၂၈

မိတ္ထီလာမြို့နယ်တွင် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ အချိန်က ဝန်ဇင်းရပ်ကွက် လေးမြတ်နှာ အုတ်ဖိုမြောက်ကျောင်းရှိ မဟာသန္တိသုခဝိပဿနာ ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

နွေရာသီ ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲအခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး လေးမြတ်နှာ အုတ်ဖိုမြောက်ကျောင်းဆရာတော် ဦးသုစိတ္တ(အမေချစ်ဆရာတော်)က သီလပေးခြင်းနှင့် သြဝါဒချီးမြှင့်ခဲ့သည်။ ထို့နောက် ဆည်ကုန်းဆရာတော် ဦးသီလဝံသက ဗုဒ္ဓသာသနာတော် နှင့် နိုင်ငံတော်အတွက် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာပြီး ငြိမ်းချမ်း သာယာသော လူအဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရန် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း မိန့်ကြားခဲ့ရာ ကျောင်းသားကျောင်းသူမိဘများ၏ ကိုယ်စား ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဒေါ်မိုးမိုးလှိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယင်းနောက် မုဒိတာမျက်ဝန်း အကျိုးဆောင်လူငယ်အဖွဲ့က မင်္ဂလာပါသီချင်းဖြင့် ကပြဖျော်ဖြေ ခဲ့ကြပြီး ဆည်ကုန်းမြေ ဓမ္မစကူးလ်ဆရာဆရာမများက ဓမ္မစကူးလ် သွားကြမယ် သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ၎င်းနောက်  ယဉ်ကျေးလိမ္မာသင်တန်းမှ ကျောင်းသားကျောင်းသူများက တို့ကိုးကွယ်စရာ သုံးပါးနှင့် လိမ်လိမ်မာမာနေမယ် သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ပြီးဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းကို လေးမြတ်နှာ အုတ်ဖိုမြောက်ကျောင်းဆရာတော် ဦးသုစိတ္တ (အမေချစ်ဆရာတော်) မှ ဦးစီး၍ ဧပြီလ ၁၈ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

သတင်း - သိန်းမြင့်ကျော္

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)