MNP - ဧပြီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပေါက်ကန်ကျေးရွာ၊ မိလောက်ကျေးရွာနှင့် ရွှေတဆုပ်ကျေးရွာများတွင် ဧပြီလ(၂၂)ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်၍ ပြိုကျပျက်စီးသွားသော လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀:၃၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ရုံးမှ ပြိုလဲနေအိမ် (၃)လုံးနှင့် အမိုးလန်အိမ် (၉)လုံးအတွက် စုစုပေါင်းတန်ဖိုးငွေ (၈၆၈၁၀၀)ကျပ်နှင့် ပံ့ပိုးရေး ပစ္စည်းစက္ကူပုံးအပါ (၁၆)မျိုး (၃)ပုံးတို့အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သင်းယုမောင်နှင့် ဝန်ထမ်းများက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - သန်းသန်းဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment