မျိုးချစ် ရဟန်းတွေဆိုတာ
လက်အုပ်နှင့်
လက်ခုပ်ကိုလည်း မမျှော်တွေး
အဖော်ဝေးလည်း နေရဲတယ်။
လာဘနှင့်
ပကာသန ကိုလည်း မမက်မော
ရက်ရော လှူတယ်။
လက်ထိပ်နှင့်
ဘွဲ့တံဆိပ် ရွေးဆိုရင်ကွယ်
ပြေးကြိုမယ် လက်ထိပ်ကိုဘဲ။
နေရာ အရိပ် အတွက်
ဝေဒနာ အဆိပ် မတက်ပေါင်
တသက် ရှောင်မြဲ..။
အတင်းတိုးပြီး မတက်
နင်းချိုးပြီး မခတ် စာနာစိတ်နှင့်
သာယာတိတ် ခဲ့တယ်။
ပွဲခံတဲ့နေရာမှာ မရှိ
အဆဲခံရတဲ့ နေရာမှာ အထိဆုံး
မရှိသုံးကွယ်။
အောက်မကြို့လို့
နောက်ပို့မယ် ဆိုရင်တကယ်
ငြိုငြင်ဖွယ် စိတ်မထား။
အမျိုးကောင်းဘို့
ထမ်းပိုးတောင်းလို့ ရုန်းကန်
ပြုံးပြန်ပေါ့လား..။
သာသနာအတွက်မို့
ပြာယာခတ်လို့ အသက်စိုက်
ခက်မိုက်မိုက်ကြီး နေလိုက်မယ်။
ဝေဒနာ မရှိတဲ့
ဒေတာ အသိနဲ့ စောင့်ရှောက်
ဖြောင့်ဖြောင့် သေမယ်။
မေတ္တာထား
သစ္စာတရားနှင့် တိုင်းပြည်ကိုကာကွယ်
မာပါတယ် ဓမ္မဘက်တော်သား။
ကလောင်လည်းရေး
ဓါးမြှောင်လည်းသွေးလို့ အမျိုးအတွက်မို့
ထိုးနှက်စို့လား။
ပညာဝံသ(မျိုးချစ်သမဂ္ဂ)
https://t.me/MyanmarNationalPost
No comments:
Post a Comment