လယ်​​ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို တစ်မြို့နယ်လုံးလွှမ်းခြုံနိုင်စေရန် ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်​​ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို တစ်မြို့နယ်လုံးလွှမ်းခြုံနိုင်စေရန် ဆက်လက်ထိုးနှံပေး

 


MNP - ဧပြီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ ဒေသခံပြည်သူများအား နံနက်ပိုင်းက မြို့နယ်အတွင်းရှိ သတ်မှတ်ဆေးထိုးစုရပ် နေရာအသီးသီးတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများမှကြီးကြပ်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် မထိုးနှံရသေးသူများ၊ ဒုတိယအကြိမ်ထိုးနှံရန် သတ်မှတ်ရက်ပြည့်သူများနှင့် Booster Dose ထိုးနှံရန် သတ်မှတ်ရက်ပြည့်သူများအား မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဆေးထိုးစုရပ်နေရာ အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စနစ်တကျထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လယ်ဝေးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု တစ်မြို့နယ်လုံးလွှမ်းခြုံနိုင်စေရန်အတွက် ဆေးထိုးစုရပ် (၁၅)ခုတွင်ထိုးနှံပေးလျက်ရှိရာ ဧပြီ (၂၆) ရက်နေ့အထိ ကာကွယ်ဆေး ပထမအကြိမ်နှင့်ဒုတိယအကြိမ်တွင် (၂၉၈၀၃၂)ဦး ထိုးနှံပြီးစီးခဲ့ပြီး ထပ်ဆောင်းကာကွယ်ဆေးအဖြစ် Booster Dose ကို (၈၈၃၄)ဦးထိုးနှံပြီးစီးခဲ့ကြောင်း  သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)