မိုးညိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဖြေဆိုလျက်ရှိသော မသန်စွမ်းကျောင်းသားအား ကျေးရွာအရောက် သွားရောက်ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဖြေဆိုလျက်ရှိသော မသန်စွမ်းကျောင်းသားအား ကျေးရွာအရောက် သွားရောက်ထောက်ပံ့






MNP ၊  ဧပြီ ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊မိုးညိုမြို့နယ်၊ မြောက်လွတ်ကုန်းအုပ်စု၊ မြောက်လွတ်ကုန်းကျေးရွာတွင် နေထိုင်သူ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုလျက်ရှိသော မသန်စွမ်းကျောင်းသား မောင်ကျော်ဝင်းထွဋ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို အ.ထ.က (ခွဲ) မြောက်လွတ်ကုန်းကျောင်းတွင် ယမန်နေ့နေ့လည် ၁၂ နာရီခွဲအချိန်က ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမင်းသိဒ္ဓိ၏ စီစဉ်ဆောင်ရွက် မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရဲထွဋ်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်ကျော်လွင် တို့က ကျေးရွာအုပ်ချုပ်ရေးမှူး၊စာရေးဝန်ထမ်းများနှင့်အတူ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုလျက်ရှိသော မောင်ကျော်ဝင်းထွဋ်အား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး ၎င်းကျေးရွာမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူ (၁၁) ဦးစားသုံးနိုင်ရေးအတွက် ဆန်၊မာမားခေါက်ဆွဲ၊ ကြ က်ဥ၊ ဖီးကြမ်းငှက်ပျောသီးနှင့် Royal-D အချိုရည်များကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ပြီး အားပေးစကားပြောကြားခဲ့သည်။

အဆိုပါကျောင်းသား မောင်ကျော်ဝင်းထွဋ်သည် မွေးရာပါလက်နှစ်ဖက် မပါရှိသူဖြစ်ပြီး နွမ်းပါးသူတစ်ဦးဖြစ်ကြောင်း ၊ ငယ်စဉ်ကပင် ခြေချောင်းလေးများဖြင့် စာရေးနိုင်အောင် ဇွဲ၊ လုံ့လ၊ဝိရိယတို့ဖြင့်လေ့ကျင့်ခဲ့ရကြောင်း၊ မိမိကျေးရွာရှိ အထက(ခွဲ)စာသင်ကျောင်းတွင် ပညာသင်ကြားခဲ့ရပြီး ယခုအခါ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကို ဝိဇ္ဇာတွဲ (အတွဲ-၂)ဘာသာရပ်ဖြင့် စာစစ်ဌာနရှိသည့် အထက (ပတ္တော်) စာစစ်ဌာနတွင် သွားရောက်ဖြေဆိုလျက်ရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။


သတင်း - ကိုမင်း(ပြန်/ဆက်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)