MNP - ဧပြီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမတွင် အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်ပြသဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေး အကြောင်းအရာများအား ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါနံရံကပ်စာစောင်တွင် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးစာစောင်များ၊ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးစာစောင်များ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးစာစောင်များ၊ အပူဒဏ်ကာကွယ်ရေး အသိပညာပေး ပိုစတာများစသည့် အသိပညာပေး အကြောင်းအရာများအား ပြသ ဆောင်ရွက်ခဲ့ရာ ပြည်သူ့စာကြည့်တိုက်သို့ စာပေလာရောက်လေ့လာသည့် စာငှား၊ စာဖတ် ပရိသတ်များ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်း - သီရိအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment