တွံတေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးသစ်ဖွင့်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွံတေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးသစ်ဖွင့်ပွဲပြုလုပ်



MNP - ဧပြီ   ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးသစ်ဖွင့်ပွဲနှင့် ရုံးသစ်မင်္ဂလာ ပရိတ်တရားတော်နာကြားခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးသစ် အဆောက်အဦး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါရုံးသစ် မင်္ဂလာပရိတ်တရားတော်နာကြားခြင်းကို နံနက် ၅ နာရီက ဆရာတော်သံဃာတော် အရှင်သူမြတ်(၃)ပါးတို့အား အာရုံဆွမ်း ဆက်ကပ်လှူဒါန်းပြီး ပရိတ်တရားများနာကြားကြကြောင်း သိရသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဒုတိယညွန့်ကြားရေးမှူး ဦးတင်မောင်ထွဋ်နှင့် တာဝန်ရှိသူများက နံနက် ၉ နာရီတွင် အဆောက်အဦးသစ်ရှေ့ရှိ ရုံးဆိုင်းဘုတ် ကမ္ပည်းမော်ကွန်းအား အမွှေးနံသာရည်များဖြင့် ပတ်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် ဒုတိယညွန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရုံးသစ် အဆောက်အဦးအား ကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်းသိရသည်။

တွံတေးမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အကျယ်အဝန်းမှာ အလျား ၄၈ ပေ၊ အနံ ၃၆ ပေ၊ အမြင့် ၁၂ ပေ(၁၇၂၈ စတုရန်ပေ) ကျယ်ဝန်းပြီး သံကူကွန်ကရစ် တစ်ထပ် ကို၂၀၂၁ ခုနှစ်မေလ ၂၂ ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့၌ ပြီးစီးခဲ့ကာ ၂၀၂၂ ခုနှစ် ဧပြီ ၂၃ ရက်နေ့တွင်ဖွင့်လှစ်နိုင်ခဲ့သည်။ ယင်းအဆောက်အဦးကို ၂၀၂၀-၂၀၂၁ ခုနှစ်ဘဏ္ဍာနှစ် ရန်ပုံငွေကျပ်(၅၆၉)သိန်း အကုန်ကျခံကာ တွံတေးတောကြီးတန်း Group-Ltd ကတာဝန်ယူဆောက်လုပ်ပေးခြင်း ဖြစ်ကြောင်းသိရသည်။

သတင်း - တွံတေးသား

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)