မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး



MNP - ဧပြီ   ၆

 ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အများပြည်သူများအား နေ့စဉ်ရုံးဖွင့်ရက် နံနက် ၉:၀၀မှ ၁၁:၃၀နာရီအထိ ခရေပင် လမ်းမအနီး၊ မင်္ဂလာဒုံဈေးရပ်ကွက်၊ ၁၄ လမ်းရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာန၌ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မြို့နယ်ကျန်းမာရေးဦစီးဌာန၌ လာရောက်၍ စာရင်းပေးထိုးနှံနိုင်သလို ရပ်ကွက်၊ကျေးရွာ အုပ်စုများတွင်စုရပ်များခွဲကာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရှိရပြီး ၅.၄.၂၀၂၂ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံသူ အမျိုးသား (၄၃၄)ဦး၊အမျိုးသမီး(၅၃၂)ဦး စုစုပေါင်း (၉၆၆)ဦးရှိကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးမှူးတို့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက် လျက်ရှိသလို ကာကွယ်ဆေးထိုးနှံပေးရာတွင်လည်း ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ဆုလှိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)