ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပညာရေးဘွဲ့အမှတ်စဉ်(၉)နှင့် ပြည်ထောင် စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ပထမနှစ်သင်တန်းများသို့ တက်ရောက် ကြမည့်ကျောင်းသား၊ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ် အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပညာရေးဘွဲ့အမှတ်စဉ်(၉)နှင့် ပြည်ထောင် စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ပထမနှစ်သင်တန်းများသို့ တက်ရောက် ကြမည့်ကျောင်းသား၊ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ် အမှာစကားပြောကြား



MNP -  ဧပြီ   ၂၂

၂၀၂၂ -၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် စစ်ကိုင်း၊ ပညာရေးဘွဲ့ (၅) နှစ်သင်တန်းအမှတ်စဉ် (၉) နှင့် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ရန်ကုန်၊ စစ်ကိုင်း ပထမနှစ်သင်တန်းများသို့ တက်ရောက်ကြမည့် မွန်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူ များအား အမှာစကား ပြောကြားခြင်းအခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များကိုတက်ရောက်ခွင့် ရရှိသည့်အတွက် ဘွဲ့ရသည့်အခါ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ထမ်းဆောင်ခွင့်ရရှိမှာ ဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန် (၂) ရပ်ဖြစ်သည့် နယ်စပ်ဒေသဖွံဖြိုးရေးနှင့် နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် စစ်ကိုင်းအတွက် (၁၉) ဦး၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံဖြိုးရေးဒီဂရီကောလိပ် ရန်ကုန်၊ စစ်ကိုင်းအတွက် (၃၃) ဦး စုစုပေါင်း (၅၂) ဦး တက်ရောက်ခွင့် ရရှိမှာဖြစ်ကြောင်း၊ တက္ကသိုလ် ဒီဂရီကောလိပ်များမှ ပညာရပ်များကို ထူးချွန်ပေါက်မြောက်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း၊ တက္ကသိုလ်ကောလိပ်များက ချမှတ် ထားသည့် စည်းကမ်းများကိုလည်း လိုက်နာပြီး မွန်ပြည်နယ်ဂုဏ်ဆောင် လူတော် လူကောင်း များဖြစ်အောင် ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များကိုအရင်းခံပြီး ကြံ့ခိုင်သော စိတ်ဓာတ်၊ ဖြောင့်မတ်သော စိတ်ထား စောင့်စည်းအပ်သောလူမှုကျင့်ဝတ်၊ တွေးခေါ်မြှော်မြင်နိုင်စွမ်းရှိသော အသိပညာ တီထွင်နိုင်စွမ်းရှိသော အတတ်ပညာများကို ကြိုးစားသင်ယူသွားကြစေလိုကြောင်း ပြောကြား သည်။  

ထိုနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက သင်တန်းများနှင့် ပတ်သက်ပြီးရှင်းလင်းတင်ပြကာ ကျောင်းသား/သူများအတွက် ထောက်ပံငွေ (၁၂) သိန်းကို ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးခင်မောင်ဦးကပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူ (၂) ဦးက လက်ခံရယူခဲ့ပြီး တက်ရောက်လာသည့်ကျောင်းသား ကျောင်းသူများအား  ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

သတင်း - ခင်စန်းမြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)