စာဖတ်ရှိန်မြင့်တင်ရေး ကျောင်းသား၊ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စာဖတ်ရှိန်မြင့်တင်ရေး ကျောင်းသား၊ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေး ကျင်းပ



MNP - ဧပြီ   ၂၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် KTL ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဧပြီ ၂၅ ရက် မွန်းလွဲ ၁နာရီခွဲက လူထုအခြေပြုဗဟိုဌာန    (Community Centre) ခန်းမ၌ကျင်းပဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်းသားလူငယ်များ စာပေဖတ်ရှု့သည့် အကျိုးကျေးဇူး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းရရှိစေပြီး အပြန်အလှန်ဆွေးနွေးတတ်စေရန်တို့က ရှင်းလင်း ပြောကြားကာ အားလပ်ရက်များတွင် ရမည်းသင်းခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသ စာပေကောင်းများ လာရောက်ဖတ်ရှု့ရန် ပြောကြားသည်။

ထို့နောက် KTL ကိုယ်ပိုင်အထက်တန်းကျောင်း အလယ်တန်းပြဆရာမနှင့် ဆဋ္ဌမတန်း ကျောင်းသူတစ်ဦးတို့မှ ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် ၂၀၂၂ခုနှစ်၊ ဧပြီ(၁)ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉ )၊အမှတ်(၇)မှ ချစ်နိုင် (စိတ်ပညာ) ရေးသား သည့်၊"ခေတ်သစ်ဆီသို့" ဆောင်းပါးကို ဖတ်ရှု့ရာ ကျောင်းသား၊ကျောင်းသူများမှတစ်ဦးချင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သတင်းရသည်။

သတင်း - ဇော်ဝင်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)