သွေးသောက်အဖွဲ့က ပြည်ဖျက်မီဒီယာအုပ်စုမှ မိသားစုဝင်များကို စုံစမ်းလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သွေးသောက်အဖွဲ့က ပြည်ဖျက်မီဒီယာအုပ်စုမှ မိသားစုဝင်များကို စုံစမ်းလျက်ရှိ

 


MNP ၊ ဧပြီ ၂၅

ယနေ့နံနက်ပိုင်းက မန္တလေးမြို့ပေါ်တွင် သွေးသောက်အဖွဲ့ဝင်များက အနီရောင်စစ်ဆင်ရေးစတင်လှုပ်ရှားခဲ့ပြီး NLD အစွန်းရောက် အကြမ်းဖက်သမားများကို လက်တုန့်ပြန်သော ဆောင်ရွက်မှုများ စတင်လှုပ်ရှားလာသည်ကို တွေ့မြင်ရသည်။

သွေးသောက်အဖွဲ့က ၎င်းတို့၏ Telegram Channel တွင် ပြည်ဖျက်မီဒီယာအုပ်စုမှ "Mizzima, DVB, Khit Thit မီဒီယာတွေရဲ့ မိဘဆွေ မျိုး ညီအကို မောင်နှမ DATA အချက် အလက်ရှိရင်ပို့ပါ။" ဟု ရေးသားထားသည်ကို တွေ့ရသည်။

NLD အစွန်းရောက် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ ဖွဲ့စည်းထားသည့် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားဆောင်ရွက်မှုများကို တော်လှန်ရေးသဖွယ် ဖန်တီးရေးသားပြီး NLD အစွန်းရောက် အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူများအား လုပ်ကြံသတ်ဖြတ်နေမှုများကို ဒလန်မို့လို့ သတ်သည်ဟု မဖွယ်မရာ ရေးသားဖော်ပြမှုများ ပြုလုပ်လျက်ရှိသည့် သတင်းဌာနအုပ်စုတွင် Mizzima, DVB, Khit Thit, Myanmar Now, The Irrawaddy, The Ayeyarwaddy Times အစရှိသော ပြည်ပ အထောက်အပံ့ရ မီဒီယာအမည်ခံ အကြမ်းဖက်လှုံ့ဆော်သူများ ပါဝင်သည်။ ပြည်ပသတင်းဌာနများအနေဖြင့် RFA, VOA, BBC သတင်းဌာနတို့သည်လည်း အလားတူ ရေးသားဖြန့်ဝေမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။



သွေးသောက်အဖွဲ့က တန်ပြန်တိုက်ခိုက်သွားမည်ဟု ရေးသားဖော်ပြချက်တွင် (၁)လက်နက်မဲ့ပြည်သူများကို  ဒလန်ခေါင်းစဉ်တပ် သတ်ဖြတ်ပြီး ထွက်ပြေးနေသော  လူသတ်ဝရမ်းပြေးများနှင့် သူတို၏မိသားစုဝင်များ၊ (၂) PDF ထောက်ပံ့နေကြသူများနှင့် သူတိုရဲ့ မိသားစုဝင်များ၊ (၃) သတင်းအတု များစွာဖန်တီးပြီး တိုင်းပြည်ကို ရောင်းစားနေသော မီဒီယာ သတင်းသမားများနှင့် သူတို၏ မိသားစုဝင်များ၊ (၄) နိုင်ငံခြားတွင် နေထိုင်ကြပြီး လူသတ်ရန် လှုံ့ဆော်နေကြသူများ၏ မိသားစုဝင်များ၊ (၅)လူမှုကွန်ယက်တွင် မိမိတို့နှင့် မတူညီသူများ တော်လှန်ရေးတွင် မပါဝင်သူများကို ဒလန် ခေါင်းစဉ်တပ် သတ်ဖြတ်ရန် လှုံ့ဆော်နေကြသူများနှင့် သူတို၏ မိသားစုဝင်များ၊ (၆) Social Punishment လုပ်ရန်လှုံ့ဆော်နေ ကြသူများနှင့် သူတို့၏ စီးပွားရေး၊ ပစ္စည်းဥစ္စာများကို တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ၎င်းတို့၏ ရေးသားဖော်ပြချက်အရ သိရသည်။

NLD အစွန်းရောက် အကြမ်းဖက်သမားများက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၂၅၀၀ ကျော်အထိ လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက်ပိုင်း ပြန်လည်တုန့်ပြန်သည့် တိုက်ခိုက်မှုများ လှုပ်ရှားဆောင်ရွက်လာခြင်းဖြစ်ပြီး မန္တလေးမြို့ပေါ်တွင် NLD အမာခံ နှစ်ဦးကို သတ်ဖြတ်လိုက်ခြင်းမှာ ၎င်းတို့အနေဖြင့် လက်တုန့်ပြန်ခြင်းဖြစ်ကြောင်း သွေးသောက်အဖွဲ့က ရေးသားဖော်ပြထားသည်။

https://www.facebook.com/PeaceMyanmarMNP/


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)