၂၀၂၁-၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဇီဝဗေဒဘာသာရပ်နှင့်ဘော ဂဗေဒဘာသာရပ်ကို ငပလီမြို့၌ ကျောင်းသား/သူ (၇၂၃ )ဦး ဝင်ရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၁-၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဇီဝဗေဒဘာသာရပ်နှင့်ဘော ဂဗေဒဘာသာရပ်ကို ငပလီမြို့၌ ကျောင်းသား/သူ (၇၂၃ )ဦး ဝင်ရောက်ဖြေဆို




MNP ၊   ဧပြီ ၆                                                 

 ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ ယနေ့နံနက် ၉နာရီမှစတင်၍ ဇီဝဗေဒဘာသာ ရပ်နှင့်ဘောဂဗေဒဘာရပ်ကို ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်သံတွဲမြို့နယ် ငပလီမြို့ရှိစာစစ်ဌာန(၂)ခုတွင် ကျောင်းသား၊ ကျောင်းသူ များ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။

 သံတွဲမြို့နယ်၊ငပလီမြို့အတွင်းရှိစာစစ်ဌာန(၂)ခုတွင် ဇီဝဗေဒဘာသာရပ်၌စာမေးပွဲဖြေဆိုရန်စာရင်းစာရင်းသွင်းထားသူ    ( ၆၇  )ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ( ၆၅ )ဦးရှိပြီး ပျက်ကွက်သူဦးရေ( ၂  )ဦး ရှိခဲ့ကြောင်း၊အလားတူဘောဂဗေဒဘာသာရပ်တွင်လည်းဖြေဆိုရန်စာသွင်းထားသူ(၆၈၅ )ဦး၊ရှိသည့်အနက်ဝင်ရောက်ဖြေဆိုသူ(၆၅၈ ) ဦးရှိပြီးပျက်ကွက်သူဦးရေ( ၂၇ )ဦးရှိကြောင်းမြို့နယ်ပညာ ရေးမှူးရုံးမှ  သိရှိရသည်။

 အဆိုပါ ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ရပ်ကွက် အုပ်ချုပ်ရေးမှူး များ နှင့်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များက စာစစ်ဌာနများသို့လှည့်လည် ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။


 သန်းနု

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)