ရှမ်းပြည်နယ်ဝန်ကြီးချုပ် တာဆန်း တံတားတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ် တာဆန်း တံတားတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး





MNP ၊ ဧပြီ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ နမ်စန့်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်းပေါ်ရှိ သံလွင်တံတား (တာဆန်း) တည်ဆောက်နေမှုကို ဧပြီ(၂၈)ရက်ညနေ(၃)နာရီခွဲက အဆိုပါတံတား တည် ဆောက်နေသည့်နေရာအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တံတား အထူးအဖွဲ့(၄)တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးမှ တံတား တည်ဆောက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ တံတား တည်ဆောက်မှုအား လှည့်လည်ကြည်ရှုကြသည်။

အဆိုပါသံလွင်(တာဆန်း)တံတားသည် တံတားအရှည်(၂၆၆.၈၆၁မီတာ) (၈၇၅.၇ပေ)၊ ပင်မတံတား (၂၀၁) မီတာ၊ ချဉ်းကပ်တံတား ၁၁မီတာ(မိုင်းပန်ဘက်ကမ်း)၊၅၄.၈၆၁မီတာ(မိုင်းတုံဘက်ကမ်း)၊ တံတား အမျိုးအစား အုတ်မြစ် R.C Bored Pile၊ တံတားအောက်ထည်R.C တံတား၊ အပေါ်ထည်SteelTruss+R.C၊ ယာဉ်သွားလမ်း အကျယ်(၈.၅)မီတာ၊ တံတားခံနိုင်ဝန်(၇၅)တန်၊ လူသွားလမ်းအကျယ် ၁ မီတာ တစ်ဖက်လျှင်(၃)ပေ၊ တံတား တစ်စင်းလုံးပြီးစီးမှုမှာ(၁၉%)ရာခိုင်နှုန်းဖြစ်ကြောင်းနှင့် တံတားပြီးစီးသွားပါက ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (အရှေ့ပိုင်း)ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - မောင်မောင်သန်း(တောင်ကြီး)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)