အုတ်တွင်းမြို့နယ်၌ စာရေးဆရာ မောင်ကြည်လင် (ရွှေကြိုးကြာ) ရေးသားသည့် “လူငယ်များနှင့် လူမှုဝန်ထမ်းစိတ်’’ ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ စာရေးဆရာ မောင်ကြည်လင် (ရွှေကြိုးကြာ) ရေးသားသည့် “လူငယ်များနှင့် လူမှုဝန်ထမ်းစိတ်’’ ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်



MNP - ဧပြီ   ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူ အသင်း(Book Club) အဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ လူငယ်များစာပေဖတ်ရှု့သည့် အလေ့အကျင့်များ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေးစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ လူသားချင်းစာနာစိတ်ရှိခြင်း၊ ကိုယ်ချင်းစာစိတ်ဖြင့် ရိုင်းပင်းကူညီလိုသော စိတ်ကိုမွေးမြူကြရန်နှင့်အများ အကျိုး ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ စာရေးဆရာ မောင်ကြည်လင် (ရွှေကြိုးကြာ)ရေးသားသည့် “လူငယ်များနှင့်လူမှုဝန်ထမ်းစိတ်” ဆောင်းပါးဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းကို စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club)ဥက္ကဋ္ဌစာရေး ဆရာ ဦးခင်မောင်ချိုနှင့် အဖွဲ့ဝင်များမှ ဆောင်းပါးပါအ ကြောင်းအရာဖြစ်သည့် စာနာစိတ်ထား၊ အများအကျိုးဆောင်၊ လိုက်နာဖွယ်ကောင်း စသည့်အကြောင်းအရာများ ကိုတက်ရောက် လာသော စာပေဝါသနာရှင်များနှင့် အချင်းချင်းအမြင်ခြင်း ဖလှယ်ကာ အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

သတင်း - ခင်ခင်မာ 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)