ဒိုက်ဦးမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး သင်တန်းဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး သင်တန်းဆွေးနွေးပွဲ ကျင်းပ


MNP - ဧပြီ    ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ တောင်ဘို့ကိုးလုံးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး သင်တန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူးက မြစိမ်းရောင်စီမံကိန်းနှင့် ပတ်သက်၍လည်းကောင်း၊ ဆည်မြောင်းဦးစီးအရာရှိက နွေစပါးစိုက်ပျိုးရေးအတွက် ရေရရှိရေးကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူးက အသားကဏ္ဍတိုးတက်ရေးအတွက် လည်းကောင်း၊ စက်မှုလယ်ဦးစီးမှူးက ကောက်စိုက်စက်၊ ရိတ်သိမ်းစက်များ အကြောင်းကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး အသိပညာပေးနှင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးက နည်းပညာပေး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စိုက်ပျိုးရေး၌ အဓိကဖြစ်သော မြေ၊ မျိုး၊ ပိုးအကြောင်းများကို လည်းကောင်း ပြောကြားခဲ့ပြီး တောင်သူကြီးများ၏ သိလိုသည်များ သက်ဆိုင်ရာများက ရှင်းလင်းပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဆည်မြောင်းဦးစီးအရာရှိ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီဌာန ဦးစီးမှူး၊ စက်မှုလယ်ယာ ဦးစီးမှူး၊စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ဦးစီးမှူးနှင့် ဖိတ်ကြားထားသော တောင်သူဦးကြီးများ တက်ရောက်ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)