MNP - ဧပြီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင် စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် စက်သုံးဆီအမျိုးအစား၊ သတ်မှတ်ဈေးနှုန်း မှန်မမှန်နှင့် ချိန်တွယ်ရောင်းချသည့် ဂါလံပြည့် ရောင်းချမှု ရှိမရှိ အခြေအနေများအား ယနေ့နံနက်ပိုင်းက စတင်ကာ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် ဖြူးမြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးစောမင်းသူဦးဆောင်ကာ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးတို့မှ တာဝန်ရှိသူများလိုက်ပါလျှက် 92(Octane)၊ 95(Octane)၊ ဒီဇယ် Premiun၊ ဒီဇယ်(ရိုးရိုး)ရောင်းချနေရာတွင် စက်သုံးဆီအမျိုးအစား၊ သတ်မှတ်ဈေးနှုန်း မှန်မမှန်နှင့် ချိန်တွယ် ရောင်းချသည့် ဂါလံပြည့်မပြည့်တို့အား ဖြူးမြို့နယ်အတွင်းရှိ ပဲခူးလမ်းဘေး၊ ၁၁၅မိုင်သွား လမ်း၊ အုတ်ဖြတ်လမ်းဘေးရှိ စက်သုံးဆီ အရောင်းဆိုင်(၁၅)ဆိုင်ကျော်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သတင်း - နေမျိုးလွင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment