သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းအတွင်း စက္ကူအရုပ်ခေါက်နည်း သင်ကြားပြသပေးခြင်း ပြုလုပ်ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းအတွင်း စက္ကူအရုပ်ခေါက်နည်း သင်ကြားပြသပေးခြင်း ပြုလုပ်ဆောင်ရွက်

022


MNP - ဧပြီ   ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်သော ကလေးများအား မြို့နယ်ဦးစီးမှူးမှ ယမန်နေ့ မွန်းလွဲပိုင်းက ကလေးစာဖတ်ခန်းအတွင်း ရောင်စုံစက္ကူများဖြင့် စက္ကူအရုပ်ခေါက်နည်းများကို သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။    

ရှေးဦးစွာ ကလေးစာဖတ်ခန်းအတွင်း ကလေးငယ်များအား ရောင်စုံစက္ကူဖြင့် ပန်းပွင့်ပြုလုပ်ခြင်းကို သင်ကြားပြသပေးပြီး ကလေးငယ်များကို ကိုယ်တိုင်ပြုလုပ် ဆောင်ရွက်စေခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် ကလေးများ တီထွင်ဖန်တီးမှုစွမ်းရည် မြင့်မားလာစေရန်၊ ကိုယ်ရည်ကိုယ်သွေး ထက်မြက်လာစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ် စေရန်၊ စိတ်အပန်းပြေ ပျော်ရွှင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံတူပန်းချီဆွဲ ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စက္ကူ အရုပ်ခေါက် ပြိုင်ပွဲစသည့် ပြိုင်ပွဲများကိုလည်း လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ခင်လေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages