သီပေါ ဧပြီ ၅
ပွင့်လင်းရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုများ ၊ မီးလန့်မှုများ မဖြစ်ပွားစေရန်အတွက် ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနားကျေးရွာများသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီပေါမြို့ပေါ်ရှိ ရပ်ကွက်(၁၁)ရပ်ကွက် နှင့် ကျေးရွာများအတွင်း နေထိုင်ကြသူများအားလုံး အိမ်ခြံဝင်းအတွင်း အမှိုက်သရိုက်များ ရှင်းလင်း ဖယ်ရှားထားရန်၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် လှေကားများ စနစ်တကျထားရှိရန်၊ မီးသတ်ဆေးဘူးများ လုံလောက်စွာဆောင်ထားရန်၊ လောင်စာဆီများ သိုလှောင်မထားရန်စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအချက်များနှင့် မီးဖိုမီးအသုံးပြုလျှင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ လျှပ်စစ်မီးသုံးစွဲလျှင် လိုက်နာဆောင်ရွက်ရမည့်အချက်များ ၊ ဖယောင်းတိုင် ၊ အမွှေးတိုင် အသုံးပြုခြင်းများ၊ ဓာတ်ဆီဖြည့်/ လှယ်လျှင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပေးနှိုးဆော်ခဲ့ကြောင်းနှင့် အဆိုပါအချက်များအား လိုက်နာမှုမရှိပါက မီးသတ်တပ်ဖွဲ့ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
သတင်း - ခင်လေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment