မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်



MNP - ဧပြီ   ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ကျေးရွာများအရောက် ကွင်းဆင်းကာ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

 အဆိုပါ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံရာတွင် ရပ်ကွက်/ ကျေးရွာများရှိ ပြည်သူများ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိစေရေးနှင့် ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးအတွက် ကျေးရွာများ အလိုက် အဖွဲ့ ၁၀ ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ရာ ကြို့ပင်သာ ကျေးရွာတွင် (၅၅)ဦး၊ နှမ်းကုန်း ကျေးရွာတွင် (၅၅) ဦး၊ မိုးသစ္စာကျေးရွာနှင့် ရေဝိုင်းကုန်းကျေးရွာတွင် (၇၇)ဦး၊ မှက္ကတန်ကျေးရွာတွင် (၁၁၀)ဦး၊ ပန်းတိုက်ကျေးရွာနှင့် သုံးပွင့်ဆိုင်ကျေးရွာတွင် (၁၅၄) ဦး၊ ဟင်္သါချောင်ကျေးရွာတွင် (၁၉၈)ဦး၊ လေးအိမ်တန်းကျေးရွာတွင် (၁၁၀)ဦး၊ အိုးဘိုကျွန်း ကျေးရွာ တွင် (၂၅၃) ဦး၊ မြို့မရပ်ကွက်တွင် (၉၉)ဦး၊ စုစုပေါင်း (၁၃၆၄)ဦး တို့အား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့က ဦးဆောင်၍ သက်ဆိုင်ရာနယ်မွေခံ ကျန်းမာရေးဝန်ထမ်းများ ရပ် / ကျေး အုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း၊ မိုးညိုမြို့ပေါ်တွင်လည်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် မိခင်နှင့်ကလေး ကျန်းမာရေးဌာနတို့တွင် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

သတင်း  -  ကိုမင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)