MNP - ဧပြီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် လေပြင်းထန်စွာတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သော အိမ်နှင့် ပြည်သူများအတွက် ထောက်ပံ့ပေးခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ရာတွင် (၂၁.၄.၂၀၂၂) ရက်နေ့တွင် ညောင်လေးပင်မြို့နယ် မြို့မ(၄) ရပ်ကွက်တွင် တိုက်ခတ်ခဲ့သော လေပြင်းဘေးကြောင့် အမိုးလန် ပြိုလဲနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ်နှင့် လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၆၃၀၀)ကျပ် စုစုပေါင်း (၁၀၆၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁)အိမ်ထောင်စာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - ဟိန်းသူနိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment