ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အေးချမ်းပျော်ရွှင်စွာ ကျင်းပပြု လုပ်နိုင်ရေးနှင့် သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အေးချမ်းပျော်ရွှင်စွာ ကျင်းပပြု လုပ်နိုင်ရေးနှင့် သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး



MNP - ဧပြီ    ၆

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် မြန်မာနှစ်ဆန်း(၁) ရက်နေ့သက်ကြီး ပူဇော်ပွဲ၊ ဇီဝိတဒါန ငါးလွှတ်ပွဲများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို   ဧပြီ ၅ ရက် ညနေ ၃ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကူးအခမ်း အနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန် နန်က သင်္ကြန်ပွဲတော် သည် အများပြည်သူအားလုံး ပါဝင်ဆင်နွှဲသည့် ပွဲတော်ဖြစ်သည့် အတွက် တည်တည်ငြိမ်ငြိမ်ဖြင့် အေးချမ်းလုံခြုံပျော်ရွှင်စွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာနှစ်ဆန်း (၁)ရက်နေ့ နှစ်သစ်ကူးကုသိုလ်ကောင်းမှုပြုသည့် အခမ်း အနားများ အောင်မြင်စွာ ကျင်းပပြုလုပ်သွား ရမည်ဖြစ်ကြောင်း၊ ဆပ်ကော်မတီ အသီးသီးအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာဖြင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။

ထို့နောက် ဦးစီးကော်မတီအဖွဲ့ဝင်များနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မြစ်ကြီးနားမြို့၌ ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ် တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပရေး စီစဉ်ဆောင်ရွက်ရှိမှုများ၊ မိုးညှင်းမြို့၊ ဗန်းမော်မြို့တို့တွင် ဗဟိုမဏ္ဍပ်များဖြင့် ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များ၊ လုံခြုံရေးရယူ ဆောင်ရွက်သွားမည့် အစီအမံများ၊ သင်္ကြန်ပွဲတော် ကာလအတွင်း ဌာနဆိုင်ရာ များ၏ စတုဒီသာ ကျွေးမွေးသွားမည့် အစီအစဉ်များ၊ ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ နိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ သက်ကြီး ပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲ၊ အန္တရာယ် ကင်းပရိတ်တရား တော်နာယူပွဲအခမ်းအနားများ ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ သုံးသပ်ညှိနှိုင်း ဆွေးနွေးတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဆပ်ကော်မတီအသီးသီးအလိုက် လုပ်ငန်းတာဝန် များအပေါ် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်းသိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)