ပြည်ခရိုင်တွင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခရိုင်တွင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ



MNP - ဧပြီ    ၂၂

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂-၂၀၂၃)နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်(ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်ခရိုင်ခြောက်မြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။

အခမ်းအနားတွင် ရှေးဦးစွာ ပြည်ခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး အတွင်းရေးမှူး ပြည်ခရိုင်စီမံကိန်းဦးစီးမှူး ဦးဝင်းကိုက ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြသည်။

ထို့နောက် ပြည်ခရိုင်စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းအောင်က ဒေသန္တရစီမံကိန်း ရည်မှန်းချက်များဖြစ်သော လယ်ယာကဏ္ဍကြီး ကိုယ်စားစီမံကိန်း ရည်မှန်းချက်တာဝန်များကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးထံသို့ လည်းကောင်း၊ စက်မှုကဏ္ဍကြီး ကိုယ်စား စီမံကိန်းရည်မှန်းချက်တာဝန်များကို ခရိုင်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမန်နေဂျာထံသို့ လည်းကောင်း၊ ဝန်ဆောင်မှု ကဏ္ဍကြီးကိုယ်စား စီမံကိန်းရည်မှန်းချက်တာဝန်များကို ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်နေဂျာထံသို့လည်းကောင်း ပေးအပ်ပြီး ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စီမံကိန်းရည်မှန်းချက် တာဝန်များကို ခရိုင်အဆင့်ဌာန ဆိုင်ရာများကိုယ်စား ခရိုင်လမ်းဦးစီးဌာနမှူးထံနှင့် ပြည်ခရိုင် ခြောက်မြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့လည်းကောင်း ရည်မှန်းချက်တာဝန်များ အသီးသီးပေးအပ်ပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။

ပြည်ခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဒေသန္တရရည်မှန်းချက်အဖြစ် အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက် ဈေးနှုန်းများအရ ကျပ်ဘီလီယံ (၂၄၂၉ဒသမ ၉၇၉)နှင့် ပုံမှန်ဈေးနှုန်းများအရ တိုးတက်မှုနှုန်း(၄ ဒသမ ၈)ရာခိုင်နှုန်းရရှိရန်လည်းကောင်း၊ လယ်ယာ၊ သားငါးနှင့် သစ်တောကဏ္ဍများ ပါဝင်သည့် လယ်ယာကဏ္ဍကြီးတွင် အသားတင်တန်ဖိုး ကျပ်ဘီလီယံ(၅၈၆ ဒသမ ၁၇၆) ရရှိအေအာင်ဆောင်ရွက်ရန်နှင့်  ယခင်နှစ်အလားတူကာလထက် ပုံမှန်ဈေးနှုန်းအရ (၂ ဒသမ ၄)ရာခိုင်နှုန်း တိုးတက်ရရှိရန်လည်းကောင်း၊ စွမ်းအင်၊ သတ္တု၊ စက်မှုလက်မှု၊ လျှပ်စစ်ဓာတ်အားနှင့် ဆောက်လုပ်မှုကဏ္ဍများပါဝင်သည့် စက်မှုကဏ္ဍကြီးတွင် အသားတင်တန်ဖိုး ကျပ်ဘီလီယံ ( ၇၃၁ ဒသမ ၅၈၈) ရရှိအောင် ဆောင်ရွက်ရန်နှင့် ယခင်နှစ်အလားတူကာလထက် ပုံမှန်ဈေးနှုန်းအရ(၆ ဒသမ ၈) ရာခိုင်နှုန်းတိုးတက်ရရှိရန်လည်းကောင်း၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေး၊ လူမှုရေးနှင့်စီမံခန့်ခွဲရေး၊ ငှားရမ်းခနှင့် အခြားဝန်ဆောင်မှုများ၊ ကုန်သွယ်မှုကဏ္ဍများ ပါဝင်သည့် ဝန်ဆောင်မှုကဏ္ဍကြီးတွင် အသားတင်တန်ဖိုး ကျပ်ဘီလီယံ(၁၁၁၂ ဒသမ ၂၁၃) ရရှိအောင် ဆောင်ရွက်ရန်နှင့် ယခင်နှစ်အလားတူ ကာလထက် ပုံမှန်ဈေးနှုန်းအရ(၄ ဒသမ ၈) ရာခိုင်နှုန်းတိုးတက်ရရှိရန် ရည်မှန်း လျာထားဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ပြည်ခရိုင်၏ GDP တန်ဖိုးမှာ ကျပ်ဘီလီယံ (၂၄၂၉ ဒသမ ၉၇၉)ဖြစ်ကြောင်း ခရိုင်စီမံကိန်းဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

သတင်း - ကိုဆက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)