တာချီလိတ်မြို့၌ ထွေ/အုပ်မိသားစုက ဆွမ်းဆန်တော်နှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ ထွေ/အုပ်မိသားစုက ဆွမ်းဆန်တော်နှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း




MNP - ဧပြီ    ၂၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ တာချီလိတ်မြို့၌  ပြည်ထဲရေးဝန်ကြီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမိသားစုက ဝမ်ကောင်းရပ်ကွက်ရှိ မဟာဂန္ဓာရုံ သဒ္ဓမ္မဝိဟာရသာမဏေကျော်စာသင်တိုက် ဘုန်းတော်ကြီးကျောင်းသို့ ယနေ့ နံနက် ၉ နာရီက ဆွမ်းဆန်တော်နှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ဦးဆောင်သော ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော် ဦးဆောင်သော ခရိုင်/မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆန်(၁၀)အိတ်နှင့် နဝကမ္မအလှူငွေကျပ်(၁၅)သိန်းကျပ် ကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဆရာတော်ထံမှ ရေစက်ချအနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်းသိရသည်။

သတင်း - ယာဆေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)