မြင်းခြံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် နွေရာသီ အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် နွေရာသီ အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်

 


MNP -  ဧပြီ   ၂၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နွေရာသီ အခြေခံကွန်ပျူတာ သင်တန်းကို ယနေ့ နံနက် ၉ နာရီမှ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိ ကြောင်း သိရသည်။

“နွေရာသီ ကျောင်းပိတ်ရက်များမှာ အခြေခံပညာအလယ်တန်းကျောင်းသား ကျောင်းသူများ အသိပညာ အတတ်ပညာ ဗဟုသုတ တစ်ခုခု ရရှိစေရန်ရည်ရွယ်ပြီးတော့ ကျွန်မတို့ မြင်းခြံခရိုင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးဆောင်ပြီး နွေရာသီ အခြေခံ ကွန်ပျူတာသင်တန်းကို အခမဲ့ ဖွင့်လှစ်ပေးခြင်း ဖြစ်ပါတယ်”ဟု လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ပြောသည်။ “နည်းပညာဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်မှာ ကွန်ပျူတာကို ကလေး များ အသုံးပြု တက်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်တော်တော်များများမှာလည်း ကွန်ပျူတာနဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေရပါတယ်။ နွေရာသီကျောင်းပိတ်ရက်များမှာ ကျောင်းသား/ကျောင်းသူများ အချိန်ကို လစ်ဟာမှုမရှိစေဘဲ အတတ်ပညာတစ်ခုခု တက်မြောက်စေရန် ရည်ရွယ်ပြီး ကွန်ပျူတာ အခြေခံကို သင်ကြားပေးခြင်း ဖြစ်ကြောင်း”သင်တန်းနည်းပြဆရာ ဦးကျော်စွာဟိန်းကပြော သည်။

အဆိုပါ နွေရာသီ အခြေခံကွန်ပျူတာ သင်တန်းကို ဧပြီလ (၂၄) ရက်နေ့မှ မေလ (၃) ရက်နေ့အထိ (၁၀) ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ပြီး တစ်ရက်လျှင် နံနက် (၉) နာရီမှ (၁၁) နာရီထိ သင်တန်းချိန် တစ်ချိန်၊ နေ့လည် (၁) နာရီမှ (၃) နာရီထိ သင်တန်းချိန် တစ်ချိန် စုစုပေါင်း သင်တန်း ချိန် (၂) ချိန် သင်ကြားပေးလျက်ရှိပြီး သင်တန်းသား/သူဦးရေ (၅၀) ဦးခန့် တက်ရောက် သင်ကြား လျက်ရှိကြောင်း သိရသည်။

သတင်း - ကျော်စွာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)