မိုင်းခုတ်မြို့၌ ငရုတ်သီးကို စီးပွားဖြစ်စိုက်ပျိုးလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့၌ ငရုတ်သီးကို စီးပွားဖြစ်စိုက်ပျိုးလာ




MNP - ဧပြီ   ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ငရုတ်သီးကို မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ခဲ့ရာမှ ဈေးကောင်းရရှိသဖြင့် ယခုအခါစီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ယခင်က ငရုတ်သီးကို မိသားစုအပိုဝင်ငွေရရှိရေး တစ်ပိုင်တစ်နိုင်စိုက်ပျိုးခဲ့ရာမှ ယခုအခါ မိုင်းဆတ်မြို့သို့လည်း တင်ပို့ရောင်းချရသဖြင့် စီးပွားဖြစ်စိုက်ပျိုးခဲ့ကြောင်း၊ ငရုတ်သီးအစို နို့ဆီခွက်တစ်ဗူး လျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချရပြီး တစ်ပြည်(၁၂ ဗူး)လျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ ငရုတ်သီး အခြောက်တစ်ပိဿာလျှင်တစ်သောင်းကျပ်ဖြင့် ရောင်းချရကြောင်း အမှတ်(၁)ရပ်ကွက်(ဝမ်ကတ်)မှ ငရုတ်စိုက်တောင်သူ ဦးအင်းပျန်းထံမှသိရသည်။

ငရုတ်သီးကို နှစ်စဉ်ဇန်နဝါရီလတွင် စတင်ပျိုးထောင်စိုက်ပျိုးကြပြီး ဧပြီတွင် ဆွတ်ခူးရောင်းချ၍ ရပြီဖြစ်သဖြင့် (၄)လခန့်သာ ကြာမြင့်ကြောင်း၊ ငရုတ်စိုက်ခင်းများမှာလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သတင်း - ယဉ်ယဉ်ဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)