ထမင်းအိုးလေးတွေ တည်ပေးနိုင်ဖို့ ရုပ်ရှင်ပြန်ရိုက်ပြီဆိုတဲ့ မင်းအုပ်စိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထမင်းအိုးလေးတွေ တည်ပေးနိုင်ဖို့ ရုပ်ရှင်ပြန်ရိုက်ပြီဆိုတဲ့ မင်းအုပ်စိုး


MNP ၊ ဧပြီ ၂၄

သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးဟာ ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းကို ပြန်လည်လုပ်ဆောင်လျက်ရှိပြီး တမင်းအိုးလေးတွေ တည်ပေးနိုင်ဖို့ ရုပ်ရှင်ပြန်ရိုက်မှာ ဖြစ်တဲ့အကြောင်း ရေးသားပြောဆိုထားပါတယ်။


မင်းအုပ်စိုး အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာမှ ထမင်းအိုးများစွာအတွက် လို့ ခေါင်းစဉ်တပ်ပြီး ရေးသားဖော်ပြထားတာကတော့ -

"မေမေ့သားပါလို့လဲ မကြွေးကျော်ခဲ့ပါဘူး။ လက်သုံးချောင်းလည်း ထောင်မပြခဲ့ပါဘူး။ နိုင်ငံ့ဝန်ထမ်းကောင်းတွေကို ရုံးမတတ်နဲ့ ရုန်းထွက်ဆိုပြီးတော့လည်း လမ်းမှားလျှောက်ဖို့ မမြှူစွယ်ခဲ့ပါဘူး။ ကိုယ့်မိသားစု စားဝတ်နေရေးအဆင်ပြေစေဖို့အတွက် အလုပ်လုပ်နေကြတဲ့ လူတွေကိုကြည့်ပြီးတော့လည်း

လိပ်ပြာလုံကြရဲ့လားလို့ မမေးခဲ့မိပါဘူး။ လူသားတိုင်းဟာ လူပီသစေဖို့အတွက် ဘယ်လိုအရွယ် ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ပါစေ ကိုယ့်တာဝန် ကိုယ်ကျေကြရမှာပါ။ ကိုယ့်အလုပ်ကိုယ်လုပ်ကြရမှာပါ။ ကျွန်တော်တို့မိသားစု တစ်စုတည်းအတွက်ဆိုရင် ဘာအလုပ်မှ လုပ်စရာမလိုဘဲ ရှိတာလေးတွေရောင်းပြီး နှစ်ပေါင်းများစွာ နေထိုင်စားသောက်လို့ရပါတယ် ဒါပေမယ့်လည်း တစ်ခြားသူတွေအတွက်တော့ ထမင်းအိုးလေးတွေ အများကြီးတည်မပေးနိုင်ဘူးပေါ့ဗျာ။ ဒါကြောင့်မို့ ထမင်းအိုးလေးတွေ အများကြီးတည်ပေးနိုင်အောင်  ကျွန်တော်က ရုပ်ရှင်ပြန်ရိုက်ပါတော့မယ်။ ဒီလ (၁၅) ရက်နေ့မှာ ရုပ်ရှင်ပြန်ရိုက်ပါတော့မယ် ခင်ဗျာ။ အသေးစိတ် အချက်အလက်ကိုတော့ မနက်ဖြန်ကြရင် တင်ပေးပါတော့မယ်ခင်ဗျာ။ သေချာတာတစ်ခုကိုပြောရရင် မင်းသမီးတွေထဲမှာ ကျန်တော်တို့နဲ့ ယုံကြည်ချက်တူတဲ့ ရင်ခုန်သံတူတဲ့ ဖိုက်တင်မင်းသမီးချောလေး ယဉ်လက် ပါ ပါတယ်ခင်ဗျာ" လို့ ရေးသားဖော်ပြထားပါတယ်။


သရုပ်ဆောင်ရှင်လတ်၊ လူရွှင်တော် သရုပ်ဆောင် ဒိန်းဒေါင်၊ ဦးငြိမ်းချမ်းတို့နဲ့ ရိုက်ကွင်း အမှတ်တရ ပုံရိပ်တွေကိုလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြနေတာတွေ့ရပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)