ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သတ္တမအသုတ် (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သတ္တမအသုတ် (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးလျက်ရှိ





MNP ၊  ဧပြီ  ၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သတ္တမအသုတ်(ဒုတိယအကြိမ်) အသက် ၁၈ နှစ်အထက်ရှိသူများကို  ယနေ့ နံနက် ၉ နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမတွင် ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။ 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးနှံရန်လာရောက်ကြသည့် အသက် ၁၈ နှစ်အထက်ရှိသူများ၊ ရဟန်းသံဃာတော်များ၊ ဘိုး/ ဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများကို သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေး ခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များက  ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။

ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သတ်မှတ်စုရပ်နေရာအသီးသီး၌ ထိုးနှံပေးလျက်ရှိပြီး သတ္တမအသုတ်(ပထမအကြိမ်)ကာကွယ်ဆေးထိုးနှံပြီးသူ ၁၂၃၈ ဦးရှိနှင့် ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူ ၈၃၂၉၆ ဦးထိရှိပြီး၊ ကာကွယ်ဆေးနှစ်ကြိမ်လာရောက်ထိုးနှံပြီးသူ ၅၄၇၇၂ ဦးဖြစ်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး ဆေးထိုးရန် ကျန်ရှိနေသူ ၁၅၃၄၁ ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းမှတ်တမ်းမှ သိရှိရသည်။ 


သတင်း - ဖြိုးဝေလင်း၊ တင်ထွန်းဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)